(၂၄) ကြိမ်မြောက် မကာအို နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲ

မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရနှင့်မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအဖွဲ့ (Macao Trade and Investment Promotion Institute) တို့မှ ကြီးမှူး၍ ကျင်းပသည့် (၂၄) ကြိမ်မြောက် မကာအို နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြပွဲ (The 24th Macao International Trade and Investment Fair- MIF) ကို မကာအို Venetian ၌ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပြပွဲ၏ ဖွင့်ပွဲအခမ်းအနားနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှပြခန်းစု(ASEANPavilion) ဖွင့်လှစ်သည့်အခမ်းအနားများသို့ ကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်းသည် ဟောင်ကောင်နှင့်မကာအိုအထူးအုပ်ချုပ်ရေးဒေသအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့် အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြခန်းများ (ASEAN Pavilion) ကို မကာအို-အာဆီယံ ကုန်သည်ကြီးများအသင်းမှကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် (၁၁) ကြိမ်မြောက် ပါဝင်ပြသခြင်းဖြစ်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ပြခန်း၌ မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများနှင့် ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အချက်အလက်များကို ခင်းကျင်းပြသခဲ့ပြီး မြန်မာ့ထန်းလျက်ကို အမြည်းစားစရာ (food tasting) အဖြစ် ကျွေးမွေးဧည့်ခံခဲ့ပါသည်။

macao International 24 01

The 24th Macao International Trade and Investment Fair- MIF ရှိ ASEAN Pavilion ဖွင့်ပွဲအခမ်းအနားပုံ


macao International 24 02

The 24th Macao International Trade and Investment Fair- MIF ရှိ ASEAN Pavilion ဖွင့်ပွဲအခမ်းအနားသို့ ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များတက်ရောက်ပုံ


macao International 24 03

The 24th Macao International Trade and Investment Fair- MIF ရှိ ASEAN Pavilion ၌ မြန်မာနိုင်ငံကိုယ်စားပြု ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများမြှင့်တင်ရန် ပြခန်း ပါဝင်ပြသပုံ