ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် အလုပ်သဘောချစ်ကြည်ရေးခရီးနှင့် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် (၁၄) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ညီလာခံ (14th World Chinese Entrepreneurs Convention-WCEC) သို့ တက်ရောက် ရန်အတွက် ၁၄-၉-၂၀၁၇ ရက်နေ့မှ ၁၆-၉-၂၀၁၇ ရက်နေ့အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။

ခရီးစဉ်အတွင်း Mrs. Carrie Lam ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၅-၉-၂၀၁၇ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တို့အား သီးခြားတွေ့ဆုံကာ မြန်မာ နိုင်ငံ နှင့် ဟောင်ကောင်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်ရန် အလားအလာ ကောင်းမွန်သည့် ကဏ္ဍ များနှင့်ပတ်သက်၍ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ကုန်သွယ်ရေး နှင့် ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပညာရေးကဏ္ဍ၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ထမ်းသင်တန်းသား အလုပ်သမားများ ခေါ်ယူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုတယ်နှင့် အပန်းဖြေ ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍနှင့် အထည်ချုပ်လုပ်ငန်းကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံရေး အစရှိသည်တို့ကို အလေးပေး ဆွေးနွေးခဲ့ကြပါသည်။

အုပ်ချုပ်ရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၆-၁၀-၂၀၁၇ ရက်နေ့တွင် (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ (၁၄) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ် စီးပွားရေးလုပ်ငန်းရှင်များ ညီလာခံ (WCEC) မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက် အုပ်ချုပ်ရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အတွင်းဝန်များရုံးသို့လည်းကောင်း၊ သီလဝါစက်မှုဇုန်ရှိ Prosperity Knitwear Factory သို့လည်းကောင်း၊ Myanmar International Terminals Thilawa (MITT) သို့ လည်းကောင်း သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။

 
announcement 11
announcement 12
 
announcement 13
announcement 14
 
announcement 15
announcement 16
 
announcement 17
announcement 18
 
announcement 19
announcement 20
 
announcement 21
announcement 22