အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ထွက်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများ ဖြည့်စွက်ရမည်ဖြစ်ကြောင်း ကြေညာချက် (၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)
၂၂-၈-၂၀၂၄ ရက်မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ ထွက်ပေါက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်တွင်း/ ပြည်ပခရီးသွားများ အနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးကြေညာချက်ပုံစံ (Health Declaration Form) တွင် ပြည့်စုံစွာ ဖြည့်စွက်၍ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် တင်ပြရန် လိုအပ်မည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။