Consular Service for Myanmar Citizen
ကောင်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လမ်းညွှန်
ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်(တရုတ်-တိုင်ပေ)ဒေသများတွင် နေထိုင်လျက်ရှိကြသော မြန်မာ နိုင်ငံသားများအတွက် ရုံးဖွင့်ရက်များအတွင်း လျှောက်လွှာလက်ခံချိန် နံနက် (ဝ၉:၃၀) နာရီမှ (၁၂:၃၀) နာရီအတွင်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြရန် လိုအပ်သည့်ကိစ္စများမှအပ ဆောင်ရွက်ချိန် (၃) ရက် ရယူလျက် ကောင်စစ်ဆိုင်ရာလုပ်ငန်းများအား လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း
၁၄-၁၁-၂၀၁၂ ရက်နေ့မှ စတင်ကာ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များကို အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံများ နှင့်နည်းတူ သက်တမ်း(၅)နှစ် သတ်မှတ်၍ ထုတ်ပေးလျက်ရှိပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့သို့ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားပါက လက်ရှိ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်း များ ပြည့်စုံစွာ တင်ပြရန် လိုအပ်ပြီး၊ နိုင်ငံကူးလက်မှတ်ကြေး ဟောင်ကောင်ဒေါ်လာ (၃၅ဝ) နှင့် ပုံစံကြေး ဟောင်ကောင်ဒေါ်လာ (၄၀) တို့ ကျသင့်မည်ဖြစ်ပါသည်။
သက်တမ်းကျော်လွန်နေသော မြန်မာနိုင်ငံကူးလက်မှတ်များ လဲလှယ်ရာတွင် နောက်ဆုံး အခွန် ဆောင်ထားသည့် ပြေစာမိတ္တူ လိုအပ်ပါသည်။ သက်တမ်းပြတ် (၂)နှစ်အောက် ကျော်လွန်သည့် မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းလွန်ဒဏ်ကြေး ပေးဆောင်ရန် မလိုပါ။ သက်တမ်းပြတ် (၂)နှစ်နှင့်အထက် ကျော်လွန်နေသည့် မြန်မာနိုင်ငံကူးလက်မှတ်များအတွက် ဒဏ်ကြေး ဟောင်ကောင်ဒေါ်လာ (၁၂၀) ပေးဆောင်ရပါမည်။
မြန်မာနိုင်ငံကူးလက်မှတ် လဲလှယ်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ် (မူရင်း+မိတ္တူ) နှင့်တကွ တင်ပြရမည့် စာရွက်စာတမ်းများ
(က) အလုပ်လုပ်သူများအတွက် (PJ type) နှင့် (PS Type)
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy
- အလုပ်စာချုပ်မိတ္တူ (သို့မဟုတ်) လစာပါ အလုပ်ထောက်ခံစာ (သင်္ဘောသားများသည် Seafarer Book မိတ္တူ ပါ တင်ပြရန်)
- ၂% ဝင်ငွေခွန်ပေးသွင်းခဲ့သည့် အထောက်အထား
(ခ) မှီခိုသူများအတွက် (PT type) (အလုပ်လုပ်သူ/ အခွန်ထမ်းသူအား မှီခိုခြင်း)
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ် ပါ ကိုယ်ရေးပုံစံ (၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background – white)
- ID Card Copy
- မှီခိုခံမှ up to date ၂% အခွန်ဆောင်ထားသည့် ပြေစာမိတ္တူ
- လက်ထပ်စာချုပ်/မိသားစုစာရင်း/တော်စပ်ကြောင်းအထောက်အထား (မူရင်း+မိတ္တူ)
- မိမိမှီခိုသူ၏ အလုပ်ထောက်ခံစာ
(ဂ) မှီခိုသူများအတွက် (PT type) (နိုင်ငံခြားသားခင်ပွန်း မှီခို)
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy
- လက်ထပ်စာချုပ်/ တော်စပ်ကြောင်း အထောက်အထား(မူရင်း + မိတ္တူ)
- အပြန်လေယာဉ်စရိတ် သွင်းထားသည့်ပြေစာနှင့် status ပြောင်းထားသည့်စာမိတ္တူ
- နိုင်ငံခြားသားခင်ပွန်း၏ နိုင်ငံကူးလက်မှတ်မိတ္တူနှင့် ID Card Copy
- နိုင်ငံခြားသားခင်ပွန်း မှီခို PT type စတင်ပြောင်းလဲမည့်သူများ လေယာဉ်စရိတ် ဟောင်ကောင်ဒေါ်လာ (၂၅၀ဝ)
- မှီခိုသူ၏ အလုပ်စာချုပ်မိတ္တူ (သို့မဟုတ်) လစာပါ အလုပ်ထောက်ခံစာ
နိုင်ငံခြားသားခင်ပွန်း မှီခိုသူ မြန်မာအမျိုးသမီးမှ အပြန်လေယာဉ်စရိတ် ပေးသွင်းခြင်း
နိုင်ငံခြားသားနှင့် လက်ထပ်ထားကာ မှီခိုအဖြစ်နေထိုင်သူ မြန်မာအမျိုးသမီးအနေဖြင့် ကောင်စစ်ဝန် ချုပ်ရုံးတွင် အပြန်လေယာဉ်စရိတ် ဟောင်ကောင်ဒေါ်လာ (၂၅၀ဝ) ပေးသွင်းရန် လိုအပ်မည် ဖြစ်ပါသည်။ ထိုသို့ပေးသွင်းရာတွင် နိုင်ငံကူးလက်မှတ်မူရင်း+မိတ္တူ၊ လက်ထပ်စာချုပ် မူရင်း+မိတ္တူ တို့ တင်ပြရန် လိုအပ်ပြီး၊ ကောင်စစ်ဝန်ချုပ်ရုံးမှ လေယာဉ်စရိတ်ပေးသွင်းပြီးကြောင်း ပြေစာနှင့် နိုင်ငံခြားသားခင်ပွန်းမှီခိုသူဖြစ်ကြောင်း ထောက်ခံစာကို ဟောင်ကောင်ဒေါ်လာ (၂၀ဝ)ဖြင့် ထုတ်ပေး မည်ဖြစ်ပါသည်။
အပြန်လေယာဉ်စရိတ်ပေးသွင်းပြီးမှသာ နိုင်ငံကူးလက်မှတ်အသစ် လဲလှယ်ခြင်း၊ ထောက်ခံစာ ရယူခြင်း စသည့် ကောင်စစ်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံသား စွန့်လွှတ်သည့်အခါဖြစ်စေ၊ အိမ်ထောင်ကွာရှင်းပြီး မြန်မာနိုင်ငံသို့ အပြီးပြန်လျှင်ဖြစ်စေ အဆိုပါ လေယာဉ်စရိတ်ကို ကာယကံရှင်ထံ ပြန်ထုတ်ပေးပါသည်။
(ဃ) ကျောင်းသား/ ကျောင်းသူများအတွက် (PE type)
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy/ Visa Stay
- ကျောင်းသားကတ် (မူရင်း+မိတ္တူ)
- ကျောင်းထောက်ခံစာ (အချိန်ပြည့်ကျောင်းသားဖြစ်ကြောင်း)
(င) သံဃာတော်များအတွက် (PR type)- လျှောက်ထားအပ်ပါသည် ဘုရား....
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင်(၁)စုံ၊ လက်ဗွေနှင့် လက်မှတ် ပါ ကိုယ်ရေးပုံစံ(၁) စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
- ID Card Copy
- သာသနာဝင်ကတ်
- သက်ဆိုင်ရာကျောင်း၏ ထောက်ခံစာ
မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသည့် မွေးကင်းစကလေးများအတွက် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားခြင်း
- မိဘများ၏ ကိုယ်ရေးလျှောက်လွှာနှင့် ကိုယ်ရေးရာဇဝင်၊ ကလေး၏ ကိုယ်ရေး မှတ်တမ်း (တစ်စောင်လျှင် HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- မိဘများ၏ နိုင်ငံကူးလက်မှတ်မိတ္တူ၊ အလုပ်စာချုပ်မိတ္တူ
- မိဘများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
- မိဘများ၏ အခွန်ပြေစာမိတ္တူ (ဝင်ငွေခွန်ထမ်းဆောင်ထားခြင်း မရှိပါက ဝင်ငွေခွန်ထမ်းဆောင်နိုင်ရန် လစာ ပါဝင်သော အလုပ်ထောက်ခံစာ)
- မွေးစာရင်းနှင့် မိဘများ၏ အိမ်ထောင်စုစာရင်း (မူရင်း + မိတ္တူ)
- မိဘများ၏ လက်ထပ်စာချုပ် (မူရင်း+မိတ္တူ)
- မိဘများနှင့် ကလေး၏ ရောင်စုံဓါတ်ပုံ (၂)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white)
အထက်ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ တင်ပြရန်လိုအပ်ပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ကျလာပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဆက်လက်ဆောင်ရွက်ပေးပါမည်။
ရေစို၊ စုတ်ပြဲ မြန်မာနိုင်ငံကူးလက်မှတ်များ အသစ်လဲလှယ်ခြင်း
မြန်မာနိုင်ငံကူးလက်မှတ်များ ရေစို၊ စုတ်ပြဲခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခြင်းများ ဖြစ်ပွားပါက ပျက်စီးဒဏ်ကြေး ဟောင်ကောင်ဒေါ်လာ (၃၁၀ဝ) ပေးဆောင်ရပါမည်။ နိုင်ငံကူး လက်မှတ်လဲလှယ်ရန် လိုအပ်ချက်များမှာ အထက်ဖော်ပြပါ မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား များ အတိုင်းပင် ဖြစ်ပါသည်။
နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများမှ အသစ်ပြန်လည်လျှောက်ထားခြင်း
နိုင်ငံကူးလက်မှတ် ပျောက်ဆုံးပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ တင်ပြရန် လိုအပ်ပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ဆက်လက် တင်ပြမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ကျလာပါက ဒဏ်ကြေးအဖြစ် ဟောင်ကောင်ဒေါ်လာ (၉၀ဝ) ကောက်ခံပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဆက်လက်ဆောင်ရွက်ပေးပါမည်။ အကယ်၍ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးပြီးနောက် မြန်မာနိုင်ငံသို့ အပြီးပြန်မည့်သူများ/ မြန်မာနိုင်ငံမှ ခေတ္တ အလည်အပတ် လာရောက်ပြီး နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူများအနေဖြင့် One way Certificate of Identity (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်)ကို ဟောင်ကောင်ဒေါ်လာ (၁၀ဝ)ဖြင့် လျှောက်ထားနိုင်ပါသည်။ ထိုသို့ လျှောက်ထားရာတွင် ကောင်စစ်ဝန်ချုပ်ရုံးမှ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ နိုင်ငံသားစိစစ်မှု ပြုလုပ်ပေးရန် ဆက်လက် တင်ပြပေးမည် ဖြစ်ပြီး၊ နိုင်ငံသား မှန်ကန်ပါက One way Certificate of Identity ထုတ်ပေးမည်ဖြစ်ပါသည်-
- ကိုယ်ရေးလျှောက်လွှာပုံစံ (ပျောက်ဆုံးသည့်ဖြစ်စဉ်ဖော်ပြရန်)၊ ကိုယ်ရေးရာဇဝင် (၂)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ (၂)စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ပျောက်ဆုံးသည့် နိုင်ငံကူးလက်မှတ်မိတ္တူ
- အလုပ်လုပ်သူဖြစ်ပါက အခွန်ထမ်းဆောင်ပြီးကြောင်းပြေစာ (သို့မဟုတ်) ဝင်ငွေခွန်ထမ်းဆောင်ထားခြင်း မရှိပါက ဝင်ငွေခွန်ထမ်းဆောင်နိုင်ရန် လစာပါဝင်သော အလုပ်ထောက်ခံစာ)
- ID Card Copy/ ဗီဇာအထောက်အထား
- မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးသည့် ဒေသရှိ ရဲစခန်းထောက်ခံစာ
- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူ
- လေယာဉ်လက်မှတ်မိတ္တူ (One Way Certificate of Identity လျှောက်ထားသူများ အတွက်)
- ရောင်စုံဓါတ်ပုံ (၃)ပုံ
- ဓါတ်ပုံပါ CD တစ်ချပ် (ဓါတ်ပုံလိုအပ်ချက်- size 35 mm x 45 mm, Resolution 300, Background - white) (မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများအတွက်)
မြန်မာနိုင်ငံကူးလက်မှတ်တွင် သီးသန့်အမည် ဖြည့်စွက်ခြင်း
မြန်မာနိုင်ငံကူးလက်မှတ်တွင် သီးသန့်အမည် ဖြည့်စွက်လိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်း များနှင့်အတူ တင်ပြရန် လိုအပ်ပြီး ကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့သို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ခွင့်ပြုချက် ကျလာပါက သီးသန့်အမည် ဖြည့်စွက်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သီးသန့်အမည် ဖြည့်စွက်ခြင်းအတွက် ဟောင်ကောင်ဒေါ်လာ (၃၀ဝ) ကောက်ခံပါသည်။
- ကိုယ်ရေးလျှောက်လွှာပုံစံ၊ ကိုယ်ရေးရာဇဝင် (၁)စုံ၊ လက်ဗွေနှင့် လက်မှတ်ပါ ကိုယ်ရေးပုံစံ (၁)စောင် (HK$ 40 ဖြင့် ကောင်စစ်ဝန်ချုပ်ရုံးတွင် ရယူဖြည့်စွက်ရန်)
- ID Card Copy
- အမည်ဖြည့်စွက်လိုသည့် နာမည်အထောက်အထား မူရင်း+မိတ္တူ (မွေးစာရင်း၊ သန်းခေါင်စာရင်း၊ အမည်ပြောင်းထားသည့်စာ)
ဝင်ငွေခွန် ထမ်းဆောင်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြည်ပ၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏဖြင့် တွက်ချက်ထားသည့် အခွန်ပမာဏကို ၁-၁၀-၂၀၂၃ ရက်နေ့မှစတင်၍ ပေးဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ်(၇၉/၂၀၂၃)အား ထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန် အကောက်ဥပဒေအရ ၁-၁၀-၂၀၂၃ ရက်နေ့မှ စတင်၍ လစာဝင်ငွေခွန် ၂ ရပ်အနက် နည်းရာအခွန်ပမာဏဖြင့် တွက်ချက်ထားသည့် အခွန်ပမာဏကို ကောက်ခံသွားမည်ဖြစ်ရာ ဝင်ငွေခွန် ၂% ထမ်းဆောင်ရမည့်သူများသည် မြန်မာနိုင်ငံကူးလက်မှတ် မူရင်း+ မိတ္တူ၊ ID Card + Copy ၊ ယခင် အခွန်ထမ်းဆောင်ခဲ့သည့် ပြေစာမူရင်း၊ အလုပ်ထောက်ခံစာတို့ တင်ပြရန် လိုအပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့အနေဖြင့် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်(တရုတ်-တိုင်ပေ) ဒေသအလိုက် အခြေခံအလုပ်အကိုင် လုပ်ကိုင်သူများအား အနိမ့်ဆုံး အခြေခံလစာပေါ် မူတည်ပြီး အောက်ပါအတိုင်း ဝင်ငွေခွန်ကောက်ခံပါသည်။
၁-၁၀-၂၀၂၃ ရက်နေ့မှစတင်၍ ကောက်ခံခြင်း
ဒေသ | အနိမ့်ဆုံးသတ်မှတ်ထားသည့်လစာ (ဟောင်ကောင်ဒေါ်လာ) |
တစ်လလျှင် ကောက်ခံသည့်နှုန်း |
ဟောင်ကောင် | ၄၅၀ဝ | ၂% |
မကာအို | ၃၅၀ဝ | ၂% |
ထိုင်ဝမ် | ၃၅၀ဝ | ၂% |
ဝင်ငွေခွန် ထမ်းဆောင်ခြင်း မရှိကြောင်း ထောက်ခံစာ လျှောက်ထားခြင်း
ဝင်ငွေခွန် ထမ်းဆောင်ခြင်းမရှိကြောင်း ထောက်ခံစာများကို အောက်ပါအတိုင်း လျှောက်ထားနိုင်ပါ ကြောင်းနှင့် ထောက်ခံစာကြေး ဟောင်ကောင်ဒေါ်လာ (၁၀ဝ) ကောက်ခံပါသည်-
- မှီခိုသူ ဖြစ်ပါက ကိုယ်ရေးလျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ မှီခိုသူဖြစ်ကြောင်းနှင့် တော်စပ်ကြောင်း အထောက်အထားမိတ္တူ
- ပင်စင်စားဖြစ်ပါက ကိုယ်ရေးလျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ ပင်စင်စားဖြစ်ကြောင်း အထောက်အထားမိတ္တူ
- ကျောင်းသားဖြစ်ပါက ကိုယ်ရေးလျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ ကျောင်းထောက်ခံစာ
အထွေထွေ
မြန်မာနိုင်ငံသား ခိုင်မာမှုအတွက် ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားချက်များအရ မြန်မာနိုင်ငံကူး လက်မှတ် လဲလှယ်ရန် လျှောက်ထားလာပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာနိုင်ငံသားများ၏ သက်ဆိုင်ရာဒေသနေထိုင်ခွင့်လက်မှတ်နှင့် နိုင်ငံကူးလက်မှတ်များအား တိုက်ဆိုင်စစ်ဆေးလျက် ရှိပါသည်။ နိုင်ငံကူးလက်မှတ်ပါအမည်နှင့် သက်ဆိုင်ရာနိုင်ငံမှ နေထိုင်ခွင့် သက်သေခံကတ်ပြား (ID Card) ပါ အမည်များအကြား ကွဲလွဲမှုရှိပါက တစ်ဦးတည်းဖြစ်ကြောင်း အထောက်အထားအတွက် အိမ်ထောင်စုစာရင်း (သို့) သက်ဆိုင်ရာဒေသ အာဏာပိုင်ထောက်ခံချက် စသည်တို့အား တစ်ပါတည်း ပူးတွဲတင်ပြရန် ဖြစ်ပါသည်။
ကောင်စစ်ဆိုင်ရာထောက်ခံချက် (ကျောင်းသားဖြစ်ကြောင်း၊ မှီခိုဖြစ်ကြောင်း)များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ မသွားရောက်မီ ကနဦးရယူသွားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးမှ နောက်ကြောင်းပြန်လျှောက်ထားမှုများအား ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အသိပေးအပ်ပါ သည်။
မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၆)လ ကျန်ရှိမှသာ အသစ်လဲလှယ်ပေးမည် ဖြစ်ပါသည်။ သက်တမ်း (၆)လ နှင့်အထက် သက်တမ်းကျန်ရှိသူများအား ခိုင်လုံသည့် အကြောင်း ပြချက်ရှိမှသာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်များတွင် သက်တမ်းတိုးထားသည့် တုံးအတုများအား စိစစ်လျက်ရှိရာ တွေ့ရှိရပါက သတ်မှတ် ဒဏ်ကြေး (ဟောင်ကောင်ဒေါ်လာ ၃၁၀ဝ) ပေးဆောင်ရမည်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။
မြန်မာနိုင်ငံသားများ ရောက်ရှိကြောင်း သတင်းပေးပို့ရန် မေတ္တာရပ်ခံခြင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသသို့ အကြောင်းအမျိုးမျိုးဖြင့် ကျောင်းတက်ရန် (ပညာတော်သင်/မိမိစရိတ်) ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများသည် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ စာတိုက် (သို့မဟုတ်) အီးမေးလ်မှတစ်ဆင့် ရောက်ရှိကြောင်း သတင်းပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကောင်စစ်ဌာန
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်