Consulate General will be closed on

12th February 2025 (Wednesday)
Union Day

13th March 2025 (Thursday)
Full Moon Day of Tabaung

27th March 2025 (Thursday)
Armed Forces Day

Visa Hours

Monday ~ Friday
(Except Holidays)

Moring: 9:00 ~ 12:00 hrs
(Submission of the Application)

Afternoon: 15:00 ~ 17:00 hrs
(Collection)

Consular Service Hours

Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.

ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

၁။ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့်သူများအား အသိပေးခြင်းကို (၁၁-၃-၂၀၂၅) ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် လည်းကောင်း၊ မိမိအစီအစဉ် ကျွမ်းကျင်မြန်မာလုပ်သား များအား စေလွှတ်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် (SOP) များကို (၂၈-၃-၂၀၂၅) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် လည်းကောင်း၊ အေဂျင်စီအစီအစဉ်ဖြင့် ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ နိုင်ငံအလိုက်စေလွှတ်ရေး လုပ်ငန်းစဉ် (SOP) များကို ၂၂-၃-၂၀၂၅ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်နေ့အထိ နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ ဝန်ကြီးဌာန၏ Facebook Page၊ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တို့တွင်လည်းကောင်း အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပေးကြေညာချက်တွင် ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံးရုံးပိတ်ရက် (မပါ) ၅ ရက်ကြိုတင်၍ လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
၂။ ၎င်းကြေညာချက်နှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အေဂျင်စီ အစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်/ခွင့်ပြန်ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။
၃။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပေးပို့လာသည့် စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အပိုဒ် ၁ ပါ အချက်များကို လိုက်နာခြင်းမရှိသည့်အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်နေကြောင်း စိစစ်တွေ့ရှိရ ပါသည်။
၄။ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.mol.gov.mm၊ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တို့တွင် ကြေညာထားရှိပြီးဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍ OWIC လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည် ဆိုပါက ၁၄-၁-၂၀၂၆ ရက်နေ့မှစတင်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း ထပ်မံ အသိပေးကြေညာအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန

20260320 01