Consulate General will be closed on

12th February 2025 (Wednesday)
Union Day

13th March 2025 (Thursday)
Full Moon Day of Tabaung

27th March 2025 (Thursday)
Armed Forces Day

Visa Hours

Monday ~ Friday
(Except Holidays)

Moring: 9:00 ~ 12:00 hrs
(Submission of the Application)

Afternoon: 15:00 ~ 17:00 hrs
(Collection)

Consular Service Hours

Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

(၃၀-၉-၂၀၂၁ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာ လ(၃၀)ရက်နေ့၊ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (ASEAN Senior Officials’ Meeting) သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။

အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ အဆင့်မြင့်အရာရှိကြီး H.E. Ms. Emaleen Abd Rahman Teo က အစည်းအဝေးသဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ နှင့် အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် လက်ရှိ အာဆီယံဥက္ကဌ ဖြစ်သည့် ဘရူနိုင်းနိုင်ငံအနေဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်ဆောင်မှုအခြေအနေ၊ (၃၈) ကြိမ်မြောက် နှင့် (၃၉) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးများကျင်းပပြုလုပ်မည့်အစီအစဉ်၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ ပဋိညာဉ်စာတမ်း ပြန်လည်သုံးသပ်ရေးအတွက် အကြံပြုချက်များ၊ (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် များဆောင်ရွက်မှု အခြေအနေများနှင့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစသည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20210930 news 01

20210930 news 02