Myanmar
About Us
Tourism Information
Consular Service
Trade & Investment
Consulate General will be closed on
12th February 2025 (Wednesday)
Union Day
13th March 2025 (Thursday)
Full Moon Day of Tabaung
27th March 2025 (Thursday)
Armed Forces Day
Visa Hours
Monday ~ Friday
(Except Holidays)
Moring: 9:00 ~ 12:00 hrs
(Submission of the Application)
Afternoon: 15:00 ~ 17:00 hrs
(Collection)
Consular Service Hours
Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၂၄) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၃၀) ကြိမ်မြောက်အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက်
(၄-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၀၈၀၀ နာရီမှစတင်၍ video conference ဖြင့် ကျင်းပပြုလုပ်သည့်(၂၄) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၃၀)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေး နှင့် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးများတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ နိုင်ငံ ခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
(၂၄)ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်း အဝေးတွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ၊ ကဏ္ဍအသီးသီးတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော်မှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အလားတူ (၃၀) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေး တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေး အာဆီယံ၏ ဦးစားပေးလုပ်ငန်းများ၊ (၃၈) ကြိမ် မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်မှုများအပေါ် ညှိနှိုင်းခဲ့ကြပြီး၊ အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ တင်ပြ မည့် စာရွက်စာတမ်းများကို အတည်ပြုခဲ့ကြသည်။
အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးတွင် ၂၀၂၁ခုနှစ် အာဆီယံ၏ ဦးစားပေးလုပ်ငန်းများအကောင်အထည်ဖော်မှု၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စ များ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ညှိနှိုင်းရေးမှုး တာဝန်ယူလျက်ရှိသည့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်း ဆောင်ရွက်သွား မည့်ကိစ္စ၊ အာဆီယံ-တရုတ် နှစ်(၃၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စ၊ အာဆီယံခေါင်းဆောင်များအစည်းအဝေး၏ တူညီဆန္ဒ(၅) ချက် အကောင်အထည် ဖော်ဆောင်လျက်ရှိသည့် အခြေအနေနှင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေးညှိနှိုင်းလျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။



