Myanmar
About Us
Tourism Information
Consular Service
Trade & Investment
Consulate General will be closed on
12th February 2025 (Wednesday)
Union Day
13th March 2025 (Thursday)
Full Moon Day of Tabaung
27th March 2025 (Thursday)
Armed Forces Day
Visa Hours
Monday ~ Friday
(Except Holidays)
Moring: 9:00 ~ 12:00 hrs
(Submission of the Application)
Afternoon: 15:00 ~ 17:00 hrs
(Collection)
Consular Service Hours
Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၇-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)
အာဆီယံ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) က ပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၇-၁၀-၂၀၂၁ ရက်နေ့၊ ၁၄:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဌ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အာဆီယံခေါင်းဆောင်များ သဘောတူညီခဲ့ ကြသည့် တူညီဆန္ဒ (၅) ရပ်၏ စတုတ္ထအချက်ဖြစ်သည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးအပ်ရေးလုပ်ငန်း အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း၊ ပထမအဆင့်အဖြစ် အမေရိကန် ဒေါ်လာ ၁.၁ သန်းခန့်တန်ဖိုးရှိ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံကြီးများ၊ တိုင်းနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ Liquid Oxygen နှင့် ဆေးရုံသုံးပစ္စည်းများအား ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံကြီးများသို့ လွှဲပြောင်း ပေးအပ်ခဲ့ ပြီးဖြစ်ကြောင်း၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်လက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ပစ္စည်းများဖြန့်ဖြူးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရန်ကုန်အခြေစိုက် အာဆီယံသံရုံးများမှ ကိုယ်စားလှယ်များ လိုက်ပါလျက် လှူဒါန်း လွှဲပြောင်းလျက်ရှိကြောင်း၊ ထပ်မံ၍ ပထမအသုတ် ပစ္စည်းများ ယခုနှစ်ကုန်ခန့်အထိ ဆက်လက်ရောက်ရှိလာမည်ဖြစ်၍ ပစ္စည်းများရောက်ရှိချိန်မှ ဖြန့်ဖြူးပြီးသည်အထိ ကော်မတီအဖွဲ့ဝင်များအနေဖြင့် အချိတ်ဆက်မိမိဖြင့် မိမိတို့တာဝန်ယူရသည့် အပိုင်းများတွင် ကျရာတာဝန်များအား ဝိုင်းဝန်းကူညီပေးစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများက မြန်မာနိုင်ငံသို့ အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီများအား (AHA Centre) မှတစ်ဆင့် ပေးအပ်နေသည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူက ပစ္စည်း လက်ခံရရှိမှု၊ ခွဲဝေဖြန့်ဖြူးမှ အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူက ဒုတိယအဆင့် လှူဒါန်းမည့်ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အစီအစဉ်များအားလည်းကောင်း ဆွေးနွေးခဲ့ကြပြီး၊ အစည်းအဝေး တက်ရောက်လာကြသူများက ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


