Consulate General will be closed on

12th February 2025 (Wednesday)
Union Day

13th March 2025 (Thursday)
Full Moon Day of Tabaung

27th March 2025 (Thursday)
Armed Forces Day

Visa Hours

Monday ~ Friday
(Except Holidays)

Moring: 9:00 ~ 12:00 hrs
(Submission of the Application)

Afternoon: 15:00 ~ 17:00 hrs
(Collection)

Consular Service Hours

Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.

တရုတ်နိုင်ငံ World Green Design Organization (WGDO) Myanmar မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

(၈-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ အသုံးပြုနိုင်ရန်အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံ World Green Design Organization (WGDO) Myanmar မှ ယွမ်ငွေ ၄,၂၅၄,၈၀၀/- (ကျပ်ငွေ ၁,၀၆၃,၇၀၀,၀၀၀/-) တန်ဖိုးရှိ Prescription Tea for Prevention of Covid-19 (၁၀၀၀) ထုပ်၊ Sterilized Air Purifier Mask (၁၂၀၀၀) ခု၊ N95 Mask (၁၁၀၀၀) ခု၊ Portable Sterilizing Kit (၂၀၀) ခု၊ 10L Oxygen Concentrator (၈) လုံးနှင့် Philips Non-Invasive Ventilator (၂) လုံးတို့အား ၈-၁၀-၂၀၂၁ ရက် (သောကြာနေ့)၊ နံနက် ၁၀:၃၀ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးမှ အမှတ်တရ ပန်းချီကားအားလည်းကောင်း၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံမှ နိုင်ငံခြားရေးဝန်ကြီးဌာန အထိမ်းအမှတ် လောကနတ်ရုပ်ထုအား လည်းကောင်း အသီးသီး ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

20211008 news 01

20211008 news 02

20211008 news 03

20211008 news 04

20211008 news 05