Consulate General will be closed on

12th February 2025 (Wednesday)
Union Day

13th March 2025 (Thursday)
Full Moon Day of Tabaung

27th March 2025 (Thursday)
Armed Forces Day

Visa Hours

Monday ~ Friday
(Except Holidays)

Moring: 9:00 ~ 12:00 hrs
(Submission of the Application)

Afternoon: 15:00 ~ 17:00 hrs
(Collection)

Consular Service Hours

Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.

သတင်းထုတ်ပြန်ချက်

(၉-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားသံရုံးများမှ သံတမန်အချို့နှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများနှင့် အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းအရင်းအမြစ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက်အဖွဲ့အစည်းများထံမှရရှိသော လိုရာဆွဲသည့်စွပ်စွဲချက်များ၊ မှန်ကန်မှုမရှိသော တစ်ဖက်သတ် သတင်းအချက်အလက်များအပေါ် အခြေခံကာ ဝေဖန်ပြောကြားချက်များ/ ကြေညာချက်များ ထုတ်ပြန်နေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကြားသိတွေ့ရှိရသည်။ ထို့ပြင် ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချို့တို့သည်လည်း တရားမဝင် အဖွဲ့အစည်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို့၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုခြင်းတို့ကို ပြုလုပ်လျက်ရှိကြကြောင်း တွေ့ရှိရသည်။

အထက်ဖော်ပြပါ အခြေအနေများနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များအနေဖြင့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ထိတွေ့ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အုပ်စုများကို သက်ဆိုင်ရာနိုင်ငံများ၌ ရုံးခန်းဖွင့်လှစ်ခွင့်ပြုခြင်းစသည့် လုပ်ရပ်များသည် အကြမ်းဖက်ဝါဒကို အားပေးရာရောက်သည့်အပြင် မြန်မာနိုင်ငံ၌ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာလည်း ရောက်သည့်အချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား ထောက်ပြ လိုသည်။ ထို့ပြင် အဆိုပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သံရုံးများနှင့် ကုလသမဂ္ဂရုံးများ၊ အဆိုပါ အကြမ်းဖက် အုပ်စုများနှင့် ဆက်သွယ်သည့်နိုင်ငံများမှ သက်ဆိုင်ရာအာဏာပိုင်များထံသို့ ပြင်းထန်စွာ ကန့်ကွက်ခြင်း၊ ၎င်းတို့၏နယ်မြေများကို အသုံးပြု၍ မြန်မာနိုင်ငံအပေါ် တရားမဝင်လှုပ်ရှားမှုများ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သည့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ယင်းတို့၏ ဆက်စပ်အဖွဲ့များကို ထိတွေ့ဆက်သွယ်ခြင်းမပြုရန်၊ ထောက်ခံအားပေးခြင်းမပြုရန်နှင့် အဆိုပါ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးခြင်းနှင့် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းတို့အပါအဝင် လိုအပ်သည့် တားဆီးမှုအစီအမံများ ဆောင်ရွက်ပေးရန်အတွက် ထပ်တလဲလဲ အသိပေးတိုက်တွန်းခဲ့သည့် တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့မှုများကိုလည်း ထပ်လောင်းရည်ညွန်းသည်။

အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ အသွင်သဏ္ဍာန်မျိုးစုံကို ရှုတ်ချသည့် မြန်မာ နိုင်ငံ၏ တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်လောင်းဖော်ပြလျက် အကြမ်းဖက်မှုကျူးလွန်သူများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းအတည်ပြုသည်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှုခြင်း မပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် စစ်မှန်စွာ မျှော်လင့်ကြောင်း ဖော်ပြအပ်သည်။