Consulate General will be closed on

12th February 2025 (Wednesday)
Union Day

13th March 2025 (Thursday)
Full Moon Day of Tabaung

27th March 2025 (Thursday)
Armed Forces Day

Visa Hours

Monday ~ Friday
(Except Holidays)

Moring: 9:00 ~ 12:00 hrs
(Submission of the Application)

Afternoon: 15:00 ~ 17:00 hrs
(Collection)

Consular Service Hours

Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.

ဆားဘီးယားနိုင်ငံ၊ဘဲလ်ဂရိတ်မြို့၌ ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ်(၆၀)ပြည့်အထိမ်းအမှတ်အဆင့်မြင့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

(၁၂-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဆင့်မြင့်အစည်းအဝေးကို ၁၁-၁၀-၂၀၂၁ ရက်မှ ၁၂-၁၀-၂၀၂၁ ရက်အထိ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ကိုစတင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ်လည်းကောင်း၊ ဘန်ဒေါင်းကွန်ဖရင့်၌ ပူးတွဲပါဝင်ခဲ့သည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ်လည်းကောင်း အစဉ် ဂုဏ်ယူလျက်ရှိပါကြောင်း၊ မိမိတို့လက်ရှိ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ပုံမှန်အခြေအနေရှိပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်စွာရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အလေးထား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကပ်ရောဂါကိုတိုက်ဖျက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးပမ်းနေကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကာကွယ်ဆေးထိုးပေးသည့်အစီအစဉ်ကိုချမှတ်ခဲ့ပြီး ယခုနှစ်ကုန်တွင် လူဦးရေ ၅၀ % ကို ကာကွယ်ဆေးထိုးပေးနိုင်ရန်ရည်မှန်းထားကြောင်း၊ ထို့ကြောင့် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မိတ်ဆွေနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့သည် နိုင်ငံစုံ တစ်စုတစည်းတည်း ဖြင့် သီးခြားရပ်တည်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံအချင်းချင်းအကြား နားလည်မှုရှိမှုနှင့် လေးစားမှု၊ ဘက်မလိုက်မှုနှင့် နိုင်ငံရေးပယောဂကင်းရှင်းစေရန် စသည့် အခြေခံမူများကိုဆက်လက်ကျင့်သုံးရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ဘုံအကျိုးစီးပွားကာကွယ်ရန် နှင့် ဘုံစိန်ခေါ်မှုအခက်အခဲများကို တုံ့ပြန်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် ကြိုးပမ်း အားထုတ်နေသည့်အချိန်တွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်များ၏ ထောက်ခံမှု၊ နားလည်မှုနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ရရှိဖို့ မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

20211012 news 01

20211012 news 02