Consulate General will be closed on

12th February 2025 (Wednesday)
Union Day

13th March 2025 (Thursday)
Full Moon Day of Tabaung

27th March 2025 (Thursday)
Armed Forces Day

Visa Hours

Monday ~ Friday
(Except Holidays)

Moring: 9:00 ~ 12:00 hrs
(Submission of the Application)

Afternoon: 15:00 ~ 17:00 hrs
(Collection)

Consular Service Hours

Monday - Friday (Except Holidays)
09:00 a.m. - 12:00 noon
01:30 p.m. - 03:00 p.m.

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ video conferencing ဖြင့် တက်ရောက်

(၂၄-၉-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ် ကျင်းပသည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်မှ video conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudi နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့်အမေရိကန်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် COVID-19 ကာကွယ်တိုက်ဖျက်ရေး၊ အာဆီယံ-အမေရိကန် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က COVID-19 ကာကွယ်တိုက်ဖျက်ရေးတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရန် အရေးကြီးကြောင်း၊ အာဆီယံ၏ COVID-19 ကာကွယ်တိုက်ဖျက်ရေးကြိုးပမ်းမှုတွင် အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း၊ အကူအညီများ ထပ်မံ ပေးအပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (IAI) ကိုလည်း ဆက်လက်ကူညီပံ့ပိုးသွားရန် တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်းလုံခြုံရေးအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် မြန်မာနိုင်ငံပြည်သူလူထုအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးအတွက် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်နေမှု အပါအဝင် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၏ သဘောတူညီချက် (၅) ချက်အား အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် ပြည်ထောင်စုဝန်ကြီးက အမေရိကန်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင် ယင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ကိုယ်စားပြုမှု လုပ်ဆောင်မှုများသည် တရားဝင်မှုမရှိကြောင်းနှင့် လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက် ရောက်ခဲ့ကြသည်။

20210924 news 01

20210924 news 02

20210924 news 03